စိမ်းညက်ညီအမဘုရား
စိမ်းညက်ညီအမဘုရား
တကယ်တော့ စိမ်းညက်ညီအမဟာ
တော်ဝင်ရာဇမင်းမျိုးလဲမဟုတ်သလို
နန်းတွင်းအခစားဝင်ရတဲ့ နန်းမျိုးလဲမဟုတ်ခဲ့ဘူး
သိပ်ကိုချမ်းသာတဲ့ မြေရှင်ယာရှင် သန်းကြွယ် သူဌေးကြီးရဲ့ သမီးနှစ်ဦး
(သမိုင်းခန့်မှန်းအရညီအမနှစ်ဦးဟာ ၁၀-၁၃နှစ်ကျော်အသက်ကွာကြဟန်ရှိပါတယ်)
ပုဂံခေတ် ၁၁ရာစု-၁၃ရာစုမှာ ဘုရားတည်ထားခြင်းဆိုင်ရာမူဝါဒများစွာရှိခြင်းဟာ သမိုင်းအတိကျရှိခဲ့ပါတယ်
စိမ်းညက်ညီအမဘုရားရဲ့ထူးခြားမှုက
အမဖြစ်သူတည်ထားခဲ့တာ ဂူဘုရား
ညီမဖြစ်သူတည်ထားခဲ့တာ စေတီဘုရား
အရှေ့တည့်တည့်ကကြည့်လျှင်
ညီမတည်ထားတဲ့ဘုရားကို လုံးဝမမြင်တဲ့အချက်ရယ်
{အမတည်ထားတဲ့စေတီဘုရားကကွယ်နေတာပါ)
ရာဇမမျိုးနန်းမျိုးမဟုတ်ဘဲ တံတိုင်း၂ထပ်ခတ်ကာရံထားခြင်းရယ် (ဒါကြောင့်လဲဘုရားကြီးရေစက်ချလှူမဲ့နေ့မှာ ကွပ်မျက်ခံခဲ့ရတာ)
၁၁-၁၃ရာစုခေတ်က အရပ်သူတွေတည်ထားတဲ့ ဂူဘုရားစေတီတွေမှာမတွေ့ရတဲ့ နံရံဆေးရေးပန်းချီ ဗိသုကာလက်ရာတွေရယ်
ဘုရားနှစ်ဆူလုံးဟာ
၁၁-၁၂ရာစု မှာတည်ထားတယ်ဆိုပေမဲ့
ညီမဖြစ်သူရဲ့ စေတီဘုရား ဗိသုကာ လက်ရာတွေက ၁၃ရာစုနှောင်းခေတ်ရဲ့
ဖန်တီးမှု ယဉ်ကျေးမှုတွေ အပြည့်ဝပါဝင်နေတယ်
ကျတော်ကတော့ ပုဂံရောက်တိုင်း စိမ်းညက်ညီအမဘုရားကိုရောက်အောင်သွားတယ် ခုတခေါက်တော့ သိပ်စိတ်ဝင်စားစရာကောင်းတယ်
သမိုင်းဆိုရင် စာအုပ်ထဲက သမိုင်းတွေကိုဘဲ မယုံတတ် မမှတ်သားတတ်တဲ့ ကျတော့်အတွက် ပါးစပ်ရာဇဝင် သမိုင်းလေးက တကယ်ဟုတ်နေကြောင်း သက်သေပြနိုင်ခဲ့တယ်
စိမ်းညက်ညီမ ပါးစပ်ရာဇဝင် (၃)
သူဌေးသမီးတွေဟာ တဘဝ တသက်တာမှာ ဘုရားတည်ထားဖို့ မိဘပိုင် ငွေကြေးတွေကို အသုံးပြုလှူတန်းခြင်းမပြုလိုလို့
ပုဂံမြို့တွင်း ကိုယ်တိုင်မြေတူး မြေသယ်ပြီး ဘုရားတည်ရန် အုတ်တွေရှာဖွေစုဆောင်းခဲ့ကြတယ်
နေ့စဉ်နံနက်တိုင်း စိမ်းညက်ညီအမဟာ
ဘုရားတည်ရန် အုတ်ရှာကြတယ်
တနေ့မှာ ညီမဖြစ်သူဟာ အမဖြစ်သူကို နေမကောင်းဖြစ်ကြောင်း လိမ်ညာမုသားသုံးပြီး အုတ်ရှာဖို့ကျန်နေခဲ့တယ်
(ညီမနစ်ယောက်ကအသက်ကွာတော့ ညီမဖြစ်သူဟာကလေးပီပီဟန်ချီချိီ ပျင်းရိခြင်းရှိပီးမုသားပြောတာဖြစ်နိုင်ပါတယ်လေ)
ညီမဖြစ်သူက ဘုရားတည်တော့ သူ့အုတ်တွေအရှိတိုင်းတည်တော့ ဘုရားဟာ ဥာဏ်တော်ရော ထုထည်ရောသေးခဲ့လို့
အမဆီက အုတ်တွေခိုးပြီး မူလညီမရဲ့ ဘုရားစေတီကို ငုံပီး ထုထည်ကြီးအောင် လှပအောင်တည်ခဲ့တယ်တဲ့
ထိုကြောင့်အမဟာ ညီမဖြစ်သူရဲ့မုသားကိုစိတ်ဆိုးခဲ့တယ် အမဖြစ်သူရဲ့ သစ္စာ သမာဓ်ိ ကြောင့် ညီမဖြစ်သူရဲ့ စေတီဘုရားကို အမဖြစ်သူရဲ့ ဂူဘုရားကရှေ့တည့်တည့်ကနေကွယ်နေခဲ့ခြင်းပါတဲ့
တခုရှိတာ ညီမဖြစ်သူဘုရားရဲ့ ဗိသုကာလက်ရာကို အမဖြစ်သူဂူဘုရားက လုံးဝယှဉ်လို့မရဘူး ညီမဖြစ်သူဘုရားက သိပ်လှတာ မိုးရွာချိန် ရေထွက်ပေါက်ကစ သေချာစီမံပြီး ပန်းစွဲ ကြာလန်တွေကအစ ခေတ်ရှေ့ပြေးနေတဲ့ ယဉ်ကျေးမှုတွေ
ဒါတွေကြည့်ခြင်းဖြင့် ညီမဖြစ်သူက သိပ်တော် သိပ်ထက် သိပ်လည်မဲ့ပုံဘဲဗျ
ဒီပါးစပ်ရာဇဝင်ကြားဖူးနေတာကြာပေမဲ့ မဖြစ်နိုင်ဘူးပေါ့ ခုတခါပုဂံရောက်တော့ အသေချာပါဘဲ ပါးစပ်ရာဇဝင်တကယ်ပါဘဲဗျာ ….
စေတီဘုရားရဲ့ အထက်ပစ္စယံ ကြာလန်အပေါ်မှာ မုခ်ဦးမဟုတ်တဲ့အပေါက်လေးတကယ်ရှိပြီး ထိုမုခ်ဦးပေါက်ထဲကနေ အထဲဝင်ကြည့်ရင် အထဲမှာ ငုံတည်ထားတဲ့ စေတီဘုရားတစူရဲ့ ဖောင်းရစ်တွေကို ပုံထဲကအတိုင်းတွေ့မြင်နိုင်ပါတယ်
ကျတော်လဲ တကယ်အံ့ဩမိတယ်
သမိုင်းတွေဟာ စာအုပ်တခုထဲနဲ့ မမှန်ကန်နိုင်ကြောင်းကိုပေါ့
သမိုင်းအချက်လက်ဆိုတာ
တချို့သမိုင်းတွေက ကျောက်စာထဲမှာ
တချို့သမိုင်းတွေကစာမျက်နာထဲမှာ
တချို့သမိုင်းတွေက ရုပ်ဝတ္ထုတွေအပေါ်မှာ
တချို့သမိုင်းတွေက
အစဉ်ဆက်သယ် လက်ဆင့်ကမ်းလာတဲ့လူတို့နှုတ်ဖျားထဲမှာ
တချို့သမိုင်းတွေကတော့ ဝေဖန်သုံးသပ်ခြုံငုံတွေးတောမှု ဥာဏ်ပညာထဲမှာရှိတယ်ဗျ
သမိုင်းဆိုပြီးနေရာတကာအရာရာတိုင်းကို အချက်လက်နဲ့သက်သေပြပါဆိုရင်
တချို့သမိုင်းတွေက ရှိခဲ့တယ် ဒါပေမဲ့ မှတ်တမ်း မှတ်ရာမကျန်ခဲ့ဘူး
တချို့သမိုင်းတွေက တကယ်မရှိခဲ့ပေမဲ့ မှတ်တမ်း မှတ်ရာတွေတော့ကျန်ရှိနေတယ်
ကာလဒေသအချိန်ခါရာသီဥတု နာမ်-ရုပ်ဝတ္ထုတွေအပေါ်
ရှေးသုံးအမူအကျင့်ဓလေ့ထုံးစံနေထိုင်မှုတွေအပေါ်နဲ့
ဘုရားဟောင်္စကြာဝဠာတည်ရှိဖြစ်ပျက်ခြင်းအကြောင်းတွေအားလုံးကို
ခြုံငုံသုံးသပ်တွေးတော လေ့လာပီး
ရှိခြင်း မရှိခြင်း ဆိုတဲ့ အချက်လက်မရှိခဲ့တဲ့ သမိုင်းတွေကိုသိနိုင်ပါတယ်
သမိုင်းဆိုတာ ကျောက်စာပေါ်မှာ စာအုပ်ထဲမှာတင်ရှိတာ မဟုတ်ဘူးဆိုတာကိုသက်သေပြနိုင်ခဲ့တယ်
ဘုရားနှစ်ထပ်/ဘုရားငုံတည်ထားခြင်း/မူလဘုရားကိုဖူးမြော်နိုင်ဖို့ ပုံလေးတွေတင်ပေးလိုက်ရပါတယ်
ကျတော်နဲ့သူတို့ ညီအမ နှစ်ဦးကတော့
ဘယ်ဘဝကရေစက်တွေလဲတော့မသိ
စိမ်းညက်ညီအမ ဘုရားရောက်တိုင်း
အရင်ကလူတွေပါးစပ်ရာဇဝင်ကြောင့် ကြောက်ရလန့်ရမဲ့အစား သူတို့နှစ်ယောက်ဆီရောက်တာနဲ့နွေးထွေး အေးချမ်းမှုအမြဲရတယ်
ခုတခေါက်တော့ အမတို့ စိမ်းညက်ညီအမနှစ်ယောက်တွက်ဆိုပြီး ဘုရားရှေ့တည့်တည့်က ရေအိုးစဉ်ကိုလဲ ပြန်လည်ပြုပြင်ပီး ရေအိုးတွေ သောက်ရေခွက်တွေနဲ့ လစဉ်ရေဖြည့်ဖို့ ရေသန့်ရေလဲ အလှူပြုခဲ့တယ်
ကျတော်ပြုသော ကုသိုလ်အစုစုတို့ကို
အမတို့နစ်ယောက်မြင်ပါစေ သိပါစေ ကြားကြပါစေ သိရှိမြင်နိုင်ကြားနိုင်ပါက ကောင်းသာဘဝများကိုရရှိပါစေ🙏
စိမ်းညက်ညီအမဟာ ကြောက်စရာကောင်းပီးမကျွတ်မလွတ်သေးဘူးဆိုတဲ့ အယူအဆတွေဟာ သိပ်ကိုမှားပါတယ်
၃၁ဘုံအတွင်းတည်ရှိပြီး ဘုံဘဝမကူးခင်ကြားကာလတခုမှာနေကြတည်ရှိကြတဲ့ဘုရားဒယိကာမိကြီးတွေ အလှူ့ရှင်ကြိးတွေပါ
တကယ်တော့ သူ့တို့နစ်ယောက်က
သိုက်ဆိုတဲ့ဝေါဟာရ အသုံးနှုန်းဖြင့် သုံးနှုန်းတင်စားနိုင်ပါတယ်
သိုက်ဆိုတာ စင်္ကြာ ဘုံဘဝတွေထဲမှာ စုဝေးဖြစ်တည်နေတဲ့ အစုအဖွဲ့လေးတခုဘဲ
သံသရာမှာ စွဲမိတဲ့အစွဲတွေကြောင့် ဘုံဘဝမကူးဘဲ (မကျွတ်မလွတ်တာမျိုးမဟုတ်ဘဲ) သံသရာအတွင်းတည်ရှိဖြစ်တည်နေတာပါ
မိသားစု ဆွေမျိုးမိဘ မောင်နှမအပေါ် စွဲမိတော့ မိသားစုမောင်နှမသိုက်
အမျိူးနွယ်ဆိုတဲ့
မျိုးရိုးကိုစွဲတော့ အမျိုးနွယ်သိုက်
မိမိဥစ္စာပစ္စည်းကိုစွဲမိတော့
ပစ္စည်း ဥစ္စာစောင့်သိုက်
မိမိပြုတဲ့ အလှူတွေအပေါ်စွဲမိရင်
ဥစ္စာစောင့်(ဝါ)ဘုရားစောင့်သိုက် စသဖြင့်ပေါ့
စိမ်းညက်ညီအမဟာ နှောင်းလူတို့ဖူးမြော်နိုင်ရန် စေတီဘုရားပုထိုးတည်ထားပေးခဲ့တဲ့အပြင် ယနေ့ထက်တိုင် ကျွန်ုပ်တို့အား ကူညီစောင့်ရှောက်ပေးပါတယ်…………’
# အမေကြီးလက်ဝဲတော်
#winhlaingoo
------------------------------------------------------------------------------
ပုဂံမှာ ၁၁ရာစုလောက်ကတည်ထားခဲ့ပြီး
လှပသေသပ်တဲ့ ဗိသုကာလက်ရာရှိပြီး
ထည်ဝါတဲ့ ဂူဘုရားနဲဲ့စေတီဖြစ်ပေမဲ့
ဘာကြောင့်များတိကျခိုင်မာတဲ့သမိုင်းကျောက်စာမရှိခဲ့တာလဲဆိုတာ ခူချိန်ထိ ဘယ်သူမှ အဖြေရှာလို့မရသေးဘူး
ပါးစပ်ရာဇဝင်တွေတောင်သိပ်များများစားစားမရှိတဲ့ ဘုရားနှစ်ဆူ
ပါးစပ်ရာဇဝင်အရ
(၁)စိမ်းညက်ဘုရင်တည်ထားခဲ့တဲ့ ဘုရားနစ်ဆူမလို့ စိမ်းညက်ညီမဘုရားလို့ခေါ်တွင်တယ်
(၂)စိမ်းညက်မင်းသမီးနှစ်ပါးက
မင်းသမီး အကြီးဟာ ၁၁ရာစုမှာ ဂူဘုရားတည်ထားပြီး ၁၂ရာစုမှာ မင်းသမီးအငယ်က စေတီဘုရားကို ဂူဘုရားနောက်မှာတည်ထားခဲ့တယ် (ဒါပေမဲ့ ဗိသုကာလက်ရာတွေက၁၃ရာစုယဉ်ကျေးမှုလက်ရာတွေ)
ဒါတွေကို ဘုရားကပြန်ရောက်ပီး Googleမှာရှာကြည့်ခါမှ သိခဲ့ရတာပါ
ဗိသုကာလက်ရာတွေကတော့ မိန်းမတွေတည်တဲ့ဘုရားမှန်းသိပ်သိသာပါတယ်
၂၁ရာစုမှာ လူသိများပြီး ဧည့်တွေသိပ်စိတ်ဝင်စားပြီး ဧည့်လမ်းညွှန်တွေကိုယ်တိုင် recommendပေး အသွားလာများခဲ့ပေမဲ့
၂၀၁၃လောက်မှာ စိမ်းညက်ညီမဘုရားဝန်းရဲ့အနောက်ဖက် ထနောင်းပင်မှာ ဆယ်တန်းကျောင်းသားတဦး ဆွဲကြိုးချသေခဲ့တယ် အဲနောက်ပိုင်း စိတ္တဇဆန်ဆန်သေဆုံးမှုတွေဟာ ဆက်တိုက်ဆိုသလို ၁ဦး/၂ဦး ကနေ ၅ဦးအထိဖြစ်ခဲ့တယ်
အဲဒီဖြစ်ရပ်တွေနောက်မှာ ပရလောကနဲ့ဆိုင်တဲ့ ခြောက်လန့်ခြင်းဖြစ်ရပ်တွေ ခရီးသွားဘုရားဖူးတွေ ကြုံမြင်ရကြားရတဲ့ ပါးစပ်ဇာတ်လမ်းတွေအများကြီးပေါ်ထွက်လာတာကနေစပြီး
စိမ်းညက်ညီမ ဘုရားဆိုရင် မသွားကြတော့တာ မဖြတ်ကြတော့တာ ရှေ့ကနေဖြတ်သွားတောင်မဝင်မိကြဘဲဘုရားကိုကျော်သွားတာတွေဖြစ်လာတော့တာဘဲ
တကယ်ကိုလျှို့ဝှက်ဆန်းကျယ်ဖြစ်ရပ်တွေရှိကောင်းရှိခဲ့လိမ့်မယ်
ဒါပေမဲ့ ကြောက်စရာလန့်စရာတော့မကောင်းပါဘူး လူတွေကစိတ်အထင်နဲ့ကြောက်နေကြတာ
ကျတော်ကတော့ မနက်စောစော၆နာရီလောက် အလိုတော်ပြည့်ဘုရားကို အရင်ဝင်ပြီး ဇွန်ပန်းဝယ်တယ် ပြီးမှ စိမ်းညက်ညီမဘုရားကို သွားခဲ့တယ်
ဂူဘုရားကတော့ ကျတော်ကိုယ်တိုင်ဝင်ခြင်တဲ့
စိတ်လုံးဝကိုမရှ်ိခဲ့ဘူး
ဘုရားဝန်းထဲရောက်နေပြီ ဂူဘုရားထဲကိုဝင်ဖို့ကို မဝင်ဖစ်ဘဲကျော်ပြီး ဂူဘုရားနောက်မှာရှိတဲ့ စိမ်းညက်ညီမ စေတီကိုအရင်သွားခဲ့တယ် စေတီကိုပတ်ကြည့်ခဲ့ချိန်မှာလဲ ခြေဖဝါးကို ဆူးတွေ၃ချက်လောက်ဆူးပြီးသွေးပါထွက်တယ်
ဝယ်လာတဲ့ ဇွန်ပန်း(၃)ကုံးက်ိုလဲ ဂူဘုရားထဲကဆင်းတုတော်အတွက်တကုံးကို ကျတော်နဲ့တူတူပါလာတဲ့ ညီလေးကိုဝင်လှူခိုင်းလိုက်တယ် ကျတော်က စေတီရဲ့ပစ္စယံမှာ အမတွက်တကုံး ညီမတွက်တကုံးဆိုပြီးချိတ်ခဲ့တယ် အပေါ်ထိတတ်ချိတ်ပြီး အောက်အဆင်း သေချာချိတ်ခဲ့တဲ့ အမအတွက်ဇွန်ပန်းတကုံးက လေမတိုက်ဘဲ ပြုတ်ကျသွားတယ်
ကဲထားပါလေဆိုပြီး ပဌာန်းရွတ်မယ်ဆ်ိုပြီး နတ်တွေပင့်ဖိတ့်ပြီး စိမ်းညက်ညီမ မင်းသမီးနစ်ပါးကိုပင့်ဖိတ်ချိန် ကျီးကန်းတွေက စေတီထိပ်ပိုင်းမှာအများကြီးအုံပြီး ပျံဝဲလာတာတခုတော့ ထူးခြားတယ်
ပဌာန်းရွတ်နေရင်း ပုရေဇာတပစ္စယောမှာ ခေါင်းပေါ်ကို ပျံနေတဲ့ငှက်က ချီးပါချတယ်
ပဌာန်းရွတ်ဖတ်အမျှဝေခါနီးမှာ မျက်စိမှိတ်အာရုံပြုလိုက်ချိန်မှာ သိပ်လှတဲ့အမျိုးသမီး၂ယောက်ရယ် ကျတော့်ညီမလေးရယ် တခြားပုံစံတူမိန်းကလေးတွေ ၇ယောက်က ကျတော့်ကိုလက်အုပ်ချီပြီး ဝ်ိုင်းကြည့်နေတာမြင်လိုက်ရတယ်
လူတွေထင်သလို ကြောက်စရာလန့်စရာတခုမှမမြင်ရမသိရပါဘူး အရာအားလုံးအေးဆေးပါဘဲ
တခုတော့သတိထားမိတာ ကုသိုလ်ကောင်းမှုနည်းတဲ့သူတွေကတော့ စိမ်းညက်ညီမဘုရားကို ဖူးခြင်စိတ်မဖြစ်ဘဲ ဘုရားရှေ့ကနေဖြတ်ကျော်သွားပါလိမ့်မယ်
အမျိုးသမီးတွေဟာလဲ စိမ်းညက်ညီမဆိုတော့ ဥစ္စာစောင့်အဆက်ဘာညာထင်ပြီးလန့်တတ်ကြောက်တတ်ကြပါလိမ့်မယ်
တကယ်လဲဟုတ်ပါတယ် အဲဲဒီဘုရားဟာ ဘုမ္မိယတွေပျော်တဲ့နေရာ ဘုရားတွင်းမှာပစ္စည်းဥစ္စာတွေများစွာရှိနေပါတယ်
ထိုမင်းသမီးနစ်ဦးဟာလဲ မည်သို့မည်ပုံကြောင့်သေဆုံးရခြင်း ဤဘုရားတည်ခဲ့ရခြင်းအကြောင်းတွေကို ခုထိ မည်သူမှ မသိကြပါဘူး ထူးဆန်းတာတွေတော့တကယ်ရှိပါတယ် ဘုရားကိုလွယ်လွယ်နဲ့ဖူးလို့မရတာတော့ အသေအချာပါဘဲ
ဘာမှကြောက်စရာမလိုဘဲ စိမ်းညက်ညီမဖုရားကိုရအောင်သွားပါ ဗိသုကာလက်ရာတွေလေ့လာပါ သိပ်ကိုလှပါတယ်။
crd# Aung Pyae Sone Phyo
#winhlaingoo
-------------------------------------------------------------------------------
စိမ်းညှက် ညီအမ ဂျင်းမိတဲ့အထဲ ကျနော်လည်းပါတယ်။ ဝန်ခံခြင်း သည်ဖြေဖျောက်ရာတည်းပေါ့။
ဂျင်းမိဆို အစကတည်းကလည်း ပြောထားပါတယ်။ ဘုရားသမိုင်းကျနော်မသိဘူးလို့။ ဘုရားသမိုင်း ဆိုတာတွေကပါးစပ်ရာဇဝင်တွေ စိတ်ကူးယဉ်ဇာတ်လမ်းတွေကနေ လာတာတွေများလေ့ရှိတယ်။
စိမ်းညှက် ဆိုတဲ့ အမည်နာမဟာ အမျိုးသမီး ၊ တစ်နည်းအားဖြင့် ဣတ္ထိလိင်နဲ့ နီးစပ်တယ်လို့ တွေးဟန် တူပါတယ်။ တကယ်လည်း လိုက်ဖက်ပါတယ်။
စိမ်းညှက် အမ၊ စိမ်းညှက် ညီမ တဲ့။ အရမ်းလှတဲ့ နာမည်ပါဘဲ။ ကျနော့်တစ်ကိုယ်ရေ သိမြင် ခံစားမှု မှာ အလိုလိုလက်ခံပီးသားဖြစ်သွားတယ်။
သို့ပေမယ့် အမှန်တရား နှင့် သိပ်ဝေးကွားသွားရင်လည်း မကောင်းပါဘူး။ စိမ်းညှက် ညီမ/အမ ဆိုတဲ့ အရေးသားကို အစောဆုံးဖတ်ဖူးတာ ၁၉၈၆ ပုဂံ သတင်းလွှာ ( Bagan Newsletters, 1986 ) မှာပါ။
၁၉၈၅ ခုနှစ်မှာ ထုတ်ဝေတဲ့ မင်းဘူးဦးအောင်ကြိုင်ရဲ့ ပုဂံခေတ် ဗိသုကာလက်ရာများ စာအုပ်မှာလည်း စိမ်းညှက် ဂူဘုရားလို့သာ ရေးပါတယ်။ ညီအမ ကိစ္စမပါ ပါ။
၁၉၈၀ မှာ ဦးဗိုလ်ကေ ရေးတဲ့ငလျင်ပတ်သက်တဲ့ ပြုပြင်ထိမ်းသိမ်းရေး လုပ်ငန်းစဉ်မှတ်းတမ်းတွေမှာ စိမ်းညှက်အနောက်ဂူ၊ စိမ်းညှက်အရှေ့ပုထိုး လို့ ရေးတယ်။
ဦးအောင်သော်လက်ထက် ၁၉၇၅ ငလျင်ကြီးလှုပ်လို့ ပညာရှင်တွေ လာရောက်စည်းဝေးလုပ်ကိုင်ကြတယ်။ အဲ့ဒီ အစည်းဝေးမှတ်တမ်းတွေမှာလည်း အရှေ့စိမ်းညှက် ၊ အနောက် စိမ်းညှက်လို့သာ ရေးပါတယ်။
အခုလည်း လက်လှမ်းမှီသမျှ ကျောက်စာတွေဖတ်ကြည့်တာမှာ ညီအမနှစ်ဦးကောင်းမှု စိမ်းညှက်ဘုရား နှစ်ဆူ လို့ ပြောနိုင်လောက်တဲ့ အထောက်ထား မတွေ့ရဘူး။
ဆိုတော့ကာ ၁၉၈၀ အထိ စိမ်းညှက်ဂူဘုရား၊ အရှေ့ စိမ်းညှက်၊ အနောက် စိမ်းညှက်ဆိုပီးတွေ့ရသေးတယ်။ ၁၉၈၆ မှာတော့ ညီအမ ဇာတ်လမ်း စ ပါဘီ။
ဘုရားရှေ့က လမ်းဟာ မကြာခဏ မတော်တဆ ဖြစ်လေ့ရှိတယ်၊ အသေပျောက်ရှိတယ်၊ သူရဲခြောက်တယ် ကနေ စပီး ညီအမ ဇာတ်လမ်း စသလားမပြောတတ်ပါ။
သို့ပေမယ့် စိမ်းညှက် ညီအမမှာ အမက မြန်မာနဲ့ ရလို့ မြန်မာဟန် တည်တယ်၊ ညီမက သီဟိုဠ်သားနဲ့ ညားလို့ သီဟိုဠ်ဟန် တည်တယ် ဆိုးပီးစိတ်ကူးယဉ်ဇာတ်လမ်းတွေပါ ထပ်ပီး “ ဂျင်း “ ထည့်ရင်တော့ အတိုင်းထက်လွန်သွားဘီပြောရမယ်။ မလုပ်သင့်တော့ဘူး။
တောင်ဂူနီ - မြောက်ဂူနီ ။ အရှေ့ဖက်လိပ် - အနောက်ဖက်လိပ် ဆိုတာတွေကလည်း မူရင်း အမည်နာမဖြစ်ချင်မှ ဖြစ်မယ်။ သို့ပေမယ့် စိတ်ကူးယဉ်ဇာတ်လမ်းမပါဘူး။ ဂျင်း မထည့်ဘူးပေါ့။
အရင်းမူလ ဂူဘုရားစေတီ ရဲ့ ပိသုကာတန်ဖိုး ၊ အနုပညာလက်ရာတန်ဖိုး အလွဲတွေဖြစ်စေမယ့် အမည်နာမအဆန်းထွင်တာမျိုးတွေကြတော့ မဖြစ်သင့်ဘူးလို့ထင်တာပါဘဲ။
ဆိုပီးခဲ့သလိုပါဘဲ။ ကျနော့ တစ်ကိုယ်ရေ အမြင်မှာတော့ စိမ်းညှက် ဆိုတဲ့ နာမည်လေးကို ညီအမ ဆိုတာလေးနဲ့ တွဲစပ်တာ လိုက်ဖက်ပါတယ်။ မကြိုက်ဖူးပြောစရာမရှိပါဘူး။
crd# Zay Myo Lin
#winhlaingoo
Comments
Post a Comment