မုဋ္ဌောကိုးဆူသမိုင်း

မုဋ္ဌောကိုးဆူသမိုင်း

==============================



မုဋ္ဌောကိုးဆူသမိုင်းအရ ပုသိမ်မြို့မနှင့်  ပုသိမ်ခရိုင်အတွင်း၊ အတွင်းငါးဆူ၊ အပြင်လေးဆူ၊ ပေါင်း မုဋ္ဌောကိုးဆူရှိရာ၊ ပုသိမ်မြို့မနှင့် ဆင်ခြေဖုံးတွင်ရှိသော...

အတွင်းမုဋ္ဌောငါးဆူ


၁။ ရွှေမုဋ္ဌောစေတီတော်


၂။ မြို့၏တောင်ဘက်တွင် ဘုရားအလောင်းတော် ရှဥ့်မင်း ဖြစ်စဉ် ကျက်စားဖူးသော နေရာ၌ တည်ထားအပ်သော ရှေးအခေါ် မင်္ဂလာစေတီ၊ ယခု တဂေါင်းဘုရားလမ်းရှိ တဂေါင်းစေတီတော်။


၃။ မြို့၏နောက်တောင်အရပ်တွင် အလောင်းတော်ရွှေသမင်မင်းဖြစ်စဉ် ပျော်စံကျက်စားရာနေရာ၌ တည်ထားအပ်သော ယနေ့ မဟာဗောဓိလမ်းရှိ မဟာဗောဓိစေတီတော်။


၄။ မဟာဗောဓိစေတီတော်၏ တောင်ဘက် အလောင်းတော်ရှဥ့်မင်း ခန္တာစဲရာအရပ်ကို အမှတ်တရပြုကာ တည်ထားအပ်သော  သုမင်္ဂလာစေတီတော်၊ ယနေ့ ရေကြည်ရေနောက်အရပ်ရှိ ဆုတောင်ပြည့်စေတီ။


၅။ မြို့၏ရှေ့တောင် ရှေးခေတ် ကျိုက်ပိမြို့ဟောင်း၊ ယခု သစ်ရောင်းချောင်းအနီး ဘုရားကြီးကုန်းကျေးရွာ၌ အလောင်းတော်ဆင်မင်းဖြစ်၍ ကျက်စားဖူးရာအရပ်တွင် တည်ထားအပ်သော ရှေးအခေါ် မဟာစေတီ ယခုအခေါ် ဘုရားကြီးကုန်းဘုရား တို့ဖြစ်ကြသည်။


အပြင်မုဋ္ဌောလေးဆူ ...


၁။ မြို့၏အနောက်တောင် ငဝန်မြစ်အနောက်ဘက်၊ ကွင်းချောင်းကြီးအတွင်၌ အလောင်းတော်ခိုမင်းဖြစ်စဉ် ပျော်စံရာအရပ်၌ တည်ထားသော သုမနစေတီ။


၂။ မြို့၏အနောက်မြောက် ငဝန်မြစ်၏ အနောက်ဘက်ကမ်း၊ ကျောက်ချောင်းကြီးရွာတွင် အလောင်းတော်ပုတ်သင်မင်းဖြစ်စဉ် ပျော်စံရာဌာန၌ တည်ထားသော ခိပ္ပိသာစေတီ၊ ယခုခေတ်တွင် ရွှေပုတ်သင်စေတီဟု ထင်ရှားလျက်ရှိသည်။


၃။ မြို့၏မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ ငဝန်မြစ်နှင့်ဒါးကချောင်း ပေါင်းဆုံရာအနီး၊ ငဝန်မြစ်အရှေဘက်ကမ်း၊ အလောင်းတော်ကြက်မင်းဖြစ်စဉ် ပျော်စံရာ သာယာမြင့်မောက်သော ကုန်းအထက်တွင် တည်ထားအပ်သော သီရိဝဏ္ဏစေတီ။ ရွှေမြင်တင်ရွာ၏အနီးတွင်ရှိ၍ ရွှေမြင်တင်ဘုရားဟု ခေတ်စားလျက်ရှိသည်။


၄။ မြို့၏မြောက် ငဝန်မြစ်တစ်လျှောက်၊ သာပေါင်းမြို့နယ်၏ အထက်ပိုင်း၊ ဘိုးတော်ဘုရားကြီးရွာ၊ ငဝန်မြစ်အနောက်ဘက်ကမ်းနဖူးအနီးတွင်၊ အလောင်းတော် ကျေးမင်းဖြစ်စဉ် ပျော်ရွှင်ကျက်စားဖူးရာဒေသ၌ ခုနှစ်ရက်သားတို့ ချင်းသာရစေကြောင်းဖြင့် ခုနှစ်နေ့အမည်ကို အစွဲပြုကာ အကျော်ဇေယျပဿထ ဟု ဘွဲ့တော်ချီစေလျက် တည်ထားအပ်သော ယနေ့ ဘိုးတော်ဘုရားကြီး ဟု အများသမုတ်လျက်ရှိသည့် စေတီတော်တို့ဖြစ်ကြသည်။


Credit-

Comments