ဝါးခယ်မမြို့ သကျမဟာသီရိ ဘုရားကြီးအတွင်းရှိ စွယ်တော်မြတ်သမိုင်း
ဝါးခယ်မမြို့ သကျမဟာသီရိ ဘုရားကြီးအတွင်းရှိ စွယ်တော်မြတ်သမိုင်း
==============================
၀ါးခယ်မမြို့ သကျမဟာသီရိ ဘုရားကြီးအတွင်း မဟာပုည၀တ်အသင်းတန်ဆောင်း ရေကြည်တော် ၀တ်အသင်းတန်ဆောင်း အာရုဏ်ခံ ၀တ်အသင်း တန်ဆောင်း သံတန်ဆောင်း တို့ ရှိသည့်အနက် အာရုဏ်ခံ ၀တ်အသင်း တန်ဆောင်းတော်အတွင်းရှိ ရွှေတိဂုံ ပုံတူ စေတီတော် အတွင်း တစ်နှစ်ပတ်လုံး ကိန်း၀ပ် တော်မူနေပြီး နှစ်စဉ် တပေါင်းလပြည့်မတိုင်ခင် ၉ ရက်တွင် စွယ်တော် တိုက်ကို ဖွင့်လှစ်ကာ အများပြည်သူတို့ကို အပူဇော်ခံပါသည် ...
လူပြည်တွင် ရှိသော စွယ်တော် နှစ်ဆူတို့အနက် သီရိလင်္ကာ စွယ်တော်ပွား ဖြစ်သည့်အတွက် ထို့သို့တစ်နှစ်မှတစ်ကြိမ်သာလျှင် ဖွင့်လှစ်အပူဇော် ခံခြင်း ဖြစ်ဟန်တူသည်။
၁၉၅၃ ခုနှစ် က ဝါးခယ်မ ဇာတိဖွား နိုင်ငံတော်၀န်ကြီးချုပ် ဦးနု သီရိလင်္ကာ မှ ပူဇော်ပင့်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး အိမ်တွင် ပူဇော်ထားခဲ့ခြင်းဖြစ်သည်။ ၁၃၄၂ ခုနှစ် (၁၉၈၀ ခန့်) တွင် အာရုဏ်ခံ ၀တ်အသင်းမှ ပုဂံလုံး ဦးအေးမောင် ဦးဆောင်လျှက် ထိုမြတ်စွယ်တော်ကို မြို့တွင် အပူဇော်ခံ ရန် သွားရောက် ပင့်ဆောင် ခဲ့ပါသည်။ထိုသို့ပင့်ဆောင်ရာတွင် ဦးနု၏ ဆန္ဒ အရ ရန်ကုန်မဟာစည် ပင်မသာသနာ့ရိပ်သာတွင် လိုက်ပါလာသော ( ၇ ) ဦး တို့သည် ၂လ ကျော် တရားစခန်း၀င် အားထုတ်ခဲ့ကြရပါသည်။
၂လ နှင့်၄ ရက်အကြာတွင် မဟာစည် ဆရာတော် ဘုရားကြီးအထံတွင် ဥာဏ်စဉ် နာခွင့်ရခဲ့ကြပါသည်။(၁၃၄၃ )နယုန်လ (၁၉၈၁ ခန့်) တွင် ဝါးခယ်မသို့ ပင့်ဆောင် ပူဇော်ခွင့်ရခဲ့ပြီး ၁၃၄၃ ပြာသိုလတွင် အာရုဏ်ခံတန်ဆောင်းအတွင်း ဓါတ်တော်များ စွယ်တော် အပူဇော်ခံနိုင်ရန်အတွက် ရဟန်း ၁၀၈ ပါးခံကာ ၉ ၇က်အဓိဌာန် ဖြင့် ကြိုးစား အားထုတ်ခဲ့ကြပါသည်...
ထိုအဓိဌာန် အားထုတ်မှုတို့ကြောင့် ဓါတ်တော် ၃ ဆူ မှာ ရောင်ခြည်တော် ကွန့်မြူး၍ အလိုလိုအပူဇော်ခံ ကြွရောက်လာခဲ့ပါသည်....တစ်ဆူကို စွယ်တော်တွင် ဌာပနာ ပူဇော်ပြီး တစ်ဆူကို စွယ်တော် စေတီတော် ကြုပ်အတွင်း ဌာပနာ ပူဇော်ခဲ့ပါသည်...နောက်ဆုံးတစ်ဆူကိုမူ မူလကပင် ဂတိထားခဲ့သည့်အတိုင်း ထိုအဓိဌာန် ၏ ဦးစီးဦးဆောင်ဖြစ်သော ဦးမောင်ဆိုင်-ဒေါ်ဆာဆာ (သော်က ရပ်ကွက် ) တို့ကို ပင့်ဆောင်ပူဇော်ခွင့် ပြုခဲ့ပါသည်။
၁၃၄၅ တပေါင်းလ (၁၉၈၄ ) တွင် ပထမဆုံးအကြိမ် စွယ်တော် ပူဇော်ပွဲ ကို ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်ပွဲတော်သည် ၂၉ ကြိမ်မြောက်ဖြစ်ပါသည်... ပူဇော်ပွဲတော် ၁၂ ကြိမ်မြောက်ခန့် (၁၉၉၆ ခန့်) မှစ၍ အလှူငွေ ရရှိမှု အနေအထားကြောင့် အခြား ပျော်ပွဲ ရွှင်ပွဲ ပွဲလမ်း ဇာတ်သဘင်များ ထည့်သွင်းခြင်း မရှိနိုင်ပဲ ယခုနှစ်အထိ ဘုရားပွဲ သီးသန့်အဖြစ်သာ ကျင်းပနိုင်ခဲ့ပါသည်။စေတနာအပြည့် လှုဒါန်းထောက်ပံ့လိုသော ပါရမီရှင်များ အတွက်တော့ သတင်းကောင်း တစ်ခုဟုပဲ ဆိုရပါမည်။
Credit
Comments
Post a Comment