Skip to main content

Posts

Featured

စိမ်းညက်ညီအမဘုရား

  စိမ်းညက်ညီအမဘုရား တကယ်တော့ စိမ်းညက်ညီအမဟာ  တော်ဝင်ရာဇမင်းမျိုးလဲမဟုတ်သလို နန်းတွင်းအခစားဝင်ရတဲ့ နန်းမျိုးလဲမဟုတ်ခဲ့ဘူး  သိပ်ကိုချမ်းသာတဲ့ မြေရှင်ယာရှင် သန်းကြွယ် သူဌေးကြီးရဲ့ သမီးနှစ်ဦး (သမိုင်းခန့်မှန်းအရညီအမနှစ်ဦးဟာ ၁၀-၁၃နှစ်ကျော်အသက်ကွာကြဟန်ရှိပါတယ်) ပုဂံခေတ် ၁၁ရာစု-၁၃ရာစုမှာ ဘုရားတည်ထားခြင်းဆိုင်ရာမူဝါဒများစွာရှိခြင်းဟာ သမိုင်းအတိကျရှိခဲ့ပါတယ် စိမ်းညက်ညီအမဘုရားရဲ့ထူးခြားမှုက  အမဖြစ်သူတည်ထားခဲ့တာ ဂူဘုရား ညီမဖြစ်သူတည်ထားခဲ့တာ စေတီဘုရား အရှေ့တည့်တည့်ကကြည့်လျှင် ညီမတည်ထားတဲ့ဘုရားကို လုံးဝမမြင်တဲ့အချက်ရယ်  {အမတည်ထားတဲ့စေတီဘုရားကကွယ်နေတာပါ) ရာဇမမျိုးနန်းမျိုးမဟုတ်ဘဲ တံတိုင်း၂ထပ်ခတ်ကာရံထားခြင်းရယ် (ဒါကြောင့်လဲဘုရားကြီးရေစက်ချလှူမဲ့နေ့မှာ ကွပ်မျက်ခံခဲ့ရတာ) ၁၁-၁၃ရာစုခေတ်က အရပ်သူတွေတည်ထားတဲ့ ဂူဘုရားစေတီတွေမှာမတွေ့ရတဲ့ နံရံဆေးရေးပန်းချီ ဗိသုကာလက်ရာတွေရယ် ဘုရားနှစ်ဆူလုံးဟာ  ၁၁-၁၂ရာစု မှာတည်ထားတယ်ဆိုပေမဲ့ ညီမဖြစ်သူရဲ့ စေတီဘုရား ဗိသုကာ လက်ရာတွေက ၁၃ရာစုနှောင်းခေတ်ရဲ့ ဖန်တီးမှု ယဉ်ကျေးမှုတွေ အပြည့်ဝပါဝင်နေတယ် ကျတော်ကတော့ ပုဂံရောက်တိုင်း စိမ်းညက်ညီအမဘုရားကိုရောက်အောင်...

Latest Posts

ဝါးခယ်မမြို့ သကျမဟာသီရိ ဘုရားကြီးအတွင်းရှိ စွယ်တော်မြတ်သမိုင်း

မုဋ္ဌောကိုးဆူသမိုင်း

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသမိုင်း